#02 Understanding About Different Linux Distribution
What is Linux Distribution ?
ကျွန်တော်တို့ ဒီ post လေးမှာ တော့ Linux Distribution အကြောင်းကို အနည်းငယ် sharing ပြုလုပ်ပေးသွားပါမယ်။
-
Linux Distriubtion တွေကို တစ်နည်းအား ဖြင့်
Linux Distroလို့ လည်း ခေါ်ပါသေးတယ်။ ဒီနေ့ ခေတ်မှာဆိုရင်Linux Distroပေါင်း များစွာ ရှိလာပြီ ဖြစ်ပါတယ်။ -
Linus Torvalds နည်းတူ အခြား များစွာသော Developers တွေသည်လည်းဘဲ
Linux Kernelကို အသုံးပြုပြီး မတူညီတဲ့ Software Packages, Package Management System , Utilities, Developers Tools, Games အစရှိတာတွေပါဝင်တဲ့Linux Distroများစွာကို လိုအပ်ချက် ပေါ်မူတည်ပြီး ရည်ရွက်ချက်အမျိုးမျိုးဖြင့် Build လုပ်လာ ကြတာ ဖြစ်ပါတယ်။ - Linux Distribution တစ်ခုမှာဆိုရင် Precompiled ပြုလုပ်ထားပြီးသား
- GNU Libraries and tools
- Software Packages
- Shells
- X server
- System Environment
- Graphical System
- Features
- Daemon Process
- Driver ( Modules )
-
Package Management System အစ ရှိတာ တွေပါဝင်တဲ့ အစုအဝေး တစ်ခုကို ဆိုလိုတာ ဖြစ်ပါတယ်။
-
ဒါကြောင့် Organizations တွေသည် Target Users,Target Devices တွေပေါ်မူတည်ပြီး ကိုယ့်စိတ်ကြိုက် custom pre-compiled packages တွေနဲ့ ပါဝင်တဲ့ Linux Distro များကို Build လုပ်လာကြ တာ ဖြစ်ပါတယ်။
- Linux Distribution တွေအများကြီး အထဲက မှ ခုလက်ရှိ အချိန် Popular အဖြစ်ဆုံးကတော့
DebianBased Linux Distribution တွေနဲ့RedHatbased Linux Distribution တွေပဲ ဖြစ်ပါတယ်။ - နောက်ပြီး Community based Linux Distro တွေဖြစ်တဲ့
Fedora,CentOsတို့သည် Redhat based Linux Distribution မှ ဆင်းသက်လာတာ ဖြစ်တယ်။ -
CentOSသည်လည်း 2024 Jun လောက်ကစပီး End of Life ( EOL ) ဖြစ် သွားတဲ့ အတွက်ကြောင့် အခုနောက်ပိုင်းမှာCentOSအစားRocky Linuxကိုလည်း ပြောင်းလဲ သုံးစွဲလာ ကြပါတယ်။ -
DebianBased Linux distribution တွေမှာ ဆိုရင်Ubuntu,Kali Linux,Parrot OS,Linux Mint,Manjaroအစရှိတဲ့Linux Distroတွေလည်း ရှိပါသေးတယ်။ - Server Environment (E.g. Web Service, Database Service , Other serivces) တွေအတွက် ဆိုရင် တော့
Redhat Enterprise Linux(RHEL),Ubuntu ServerVersion,CentOS,Rock Linuxစတဲ့ Linux Distro တွေကို အသုံးများကြပါတယ်။ - Pentester တွေ အနေနဲ့ဆိုရင်တော့ Pentesting Tools တွေ အဓီက ပါဝင်တဲ့
Kali Linuxကို အသုံးများကြပါတယ်။ - Security Engineers တွေအနေနဲ့ ဆိုရင်တော့
Parrot OSကိုလည်း အသုံးပြုကြတာတွေ ရှိကြပါတယ်။ - Linux OS ကို အခုမှ စတင် ပြောင်းလဲ အသုံးပြုမဲ့ သူတွေအနေနဲ့ ဆိုရင်တော့ User Friendly ဖြစ်တဲ့
Ubuntu DesktopVersion,Linux Mint,Manjaroစတဲ့ OS တွေကိုဘဲ စတင်အသုံးပြုကြည့်ဖို့ အကြံပေးချင်ပါတယ်။ - Software Developers တွေကတော့
Ubuntu DesktopVersion,Linux Mintစတဲ့ OS တွေကို အသုံးပြုကြတာ များပါတယ်။
Redhat
Red HatDistro အကြောင်းကို အနည်းငယ် လေ့လာကြည့်ရအောင်ပါ။Red Hatသည် North Carolina based Linux Distribution တစ်ခု ဖြစ်ပါတယ်။- အခုနောက်ပိုင်းမှာဆိုရင် Red Hat Linux Distribution သည် Companies အများစုရဲ့ Server Environment မှာ Linux ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာစေတာ ဖြစ်ပါတယ်။
Red Hatဘာကြောင့်အောင်မြင်လာသလဲဆိုရင်Red HatCompany သည် သူ့ရဲ့ Operating System အတွက် လိုအပ်တဲ့ Supporting တွေပေးနိုင်တာဖြစ်ပါတယ်။- အဓိကအားဖြင့်
Red Hatသည်တို့ရဲ့ Clients တွေကိုRed HatDistribution အားအသုံးပြုတဲ့ အခါ Service Guaranteed ပေးတာဖြစ်ပါတယ်။ - အသုံးပြုမယ့် Linux Operating System သည် Hardware နဲ့ Software Compatible ရှိခြင်း Errors မရှိခြင်း စတဲ့အချက်တွေအား Guaranteed ပေးတာ ဖြစ်ပါတယ်။
Red Hatရဲ့ Help Supporting ကြောင့် Linux မှာ Commercial Added Values တွေဖြစ်ပေါ်လာစေပါတယ်။Red HatDistribution ကြောင့် Companies တွေသည် သူတို့အသုံးပြုနေတဲ့ Unix Operating System တွေနေရာမှာ ပိုပြီးဈေးသက်သာတဲ့ Guaranteed ရှိတဲ့ Red Hat Operating System တွေကို အစားထိုး အသုံးပြုလာကြတာဖြစ်ပါတယ်။- ဒါ့ကြောင့်
Red HatDistribution သည် Most Important And Most Used Linux Distribution တစ်ခုဖြစ်လာခဲ့ပါတယ်။ Red Hatသည် သူရဲ့ OS ကို Distributions ပြုလုပ်တဲ့အခါမှာ Products 3 မျိုးကိုသာ Distributions ပြလုပ်ပါတယ်။Red HatEnterprise Linux (RHEL) မှာ Server Versions 2 မျိုးနဲ့ Desktop Version 1 မျိုး ဆိုပြီး Distribution လုပ်တယ်။Red Hatသည် Open Source Software တစ်ခုဖြစ်တဲ့Linux Kernelကိုယူပြီးတည်ဆောက်ထားတဲ့ OS ဖြစ်သော်လည်း RHEL Software အဖြစ် Modify ပြလုပ်ထားတဲ့ Red Hat Operating System မှာ Red Hat Logo တပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် Red Hat သည် Commercial Product တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သူရဲ့ Products တွေကို Free Download လုပ်လို့မရဘူး။- Red Hat သည် သူ့ရဲ့ Red Hat Enterprise System ကြီးအား Develop ပြုလုပ်တဲ့အခါမှာ Beta (ရှေ့ပြေးအနေနဲ့)
FedoraOpensource Project အား Develop ပြုလုပ်ထားတာ ဖြစ်ပါတယ်။ - တချို့ Software Companies တွေသည်လည်း
Fedoraကို Rewrite လုပ်ပြီး တရားဝင်အသုံးပြုနေကြပါတယ်။ - နောက်ပီး
CentOS(Community ENTerprise Operating System) Distribution လည်းရှိပါသေးတယ်။CentOSသည် Red Hat Enterprise Software (Operating System) မှာ Red Hat Logo အား Removed ပြုလုပ်ထားတဲ့ Redhat based Community Project တစ်ခုဖြစ်ပါတယ်။ - Paid version ဖြစ်တဲ့ Red Hat Enterprise Linux (RHEL) မှာဆိုရင် ကိုယ်အသုံးပြုမဲ့ Packages , Services တွေကို Installed ပြလုပ်ပီး အသုံးပြုမယ်ဆိုရင် သူ့ရဲ့ Redhat Package Repository ဖြစ်တဲ့
RHN( Redhat Network ) ကိုအသုံးပြုခွင့် License လိုအပ်မှာ ဖြစ်တဲ့အတွက်ကြောင့် လိုအပ်တဲ့ Packages တွေကို အခခဲ့ Download ပြုလုပ်လို့ မရနိုင်ပါဘူး။ - ဒါကြောင့် Lincense ရှိမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Red Hatရဲ့ RHEL Paid OS ကိုအသုံးမပြုချင်ဘူးဆိုရင်လည်း Communtity based project ဖြစ်တဲ့CentOSကို အသုံးပြုနိုင်တယ်။CentOSမှာဆိုရင်တော့ ကိုယ်လိုအပ်တဲ့ Packages တွေကို free အလွယ်တကူ download ပြုလုပ်နိုင်ပါတယ်။CentOSသည် Community based OS ဖြစ်တဲ့ အတွက်ကြောင့် RHEL လိုတော့ Official Support ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။Red Hatရဲ့ Enterprise Environment အောင်မြင်မှု ရဲ့ နေရာအား နောက်ထပ်ဝင်ရောက်လာတာကတော့UbuntuandSUSUတို့ဘဲ ဖြစ်ပါတယ်။- ဒါလောက်ဆိုရင်တော့ Red Hat Distro အကြောင်းကို အကြမ်းမျဥ်း သိလောက်ပီလို့ ထင်ပါတယ်။
Ubuntu
- Ubuntu Distro အကြောင်းကို အနည်းဆက်ပြီး လေ့လာ ကြည့်ရအောင်ပါ။
- Ubuntu ကို
Canonicalလို့ခေါ်တဲ့ private company တစ်ခု အောက်ကနေ distribute and development ပြုလုပ်နေတာ ဖြစ်ပါတယ်။ - Canonical Company ကို
Mark Shuttleworthကနေပြီးတော့ 2004 ခုမှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ UbuntuကDebianlinux distro ကနေ ခွဲထွက်လာတဲ့ linux distro တစ်ခုလည်း ဖြစ်ပါတယ်။UbuntuLinux Distro ရဲ့ အားသားချက် က သူရဲ့ Desktok UI က clean ဖြစ်တယ်၊ user friendly လည်း ဖြစ်တယ်၊ Window အသုံးပြုတဲ့သူတွေအနေနဲ့ Linux ကို အခုမှ စပြီး စမ်းသုံးကြည့်မယ်ဆိုရင် Ubuntu က စမ်း အသုံးပြုကြည့်သင့်တဲ့ အမျိုးအစားထဲ မှာ ပါဝင်ပါတယ်။Ubuntuမှာ default အားဖြင့်GNOMEdesktiop environment ကို အသုံးပြုတာ ဖြစ်ပါတယ်။-
နောက်ပြီး developers တွေအတွက် ဆိုရင်လည်း
Ubuntuသည် development tools တော်တော်များများနဲ့ compatible ဖြစ်တယ်၊ package manager ဒါမှမဟုတ် snap system တွေကနေလည်း အလွယ်တကူ တင်လို့ ရနိုင်တဲ့အတွက် deveopers တွေအတွက် အသုံးပြုရ ပိုမို အဆင်ပြေစေပါတယ်။ Ubuntuကို maintain and develop ပြုလုပ်နေတဲ့Cannonicalဘက်နေပြီးတော့- Long Term Support ( LTS ) Version
- Regular Release ဆိုပြီး version ( 2 ) မျိုးနဲ့ release ပြုလုပ်ပါတယ်။
- Long Term Support ( LTS ) version ကို ( 2 ) နှစ် တစ်ခါ release ပြုလုပ်ပြီး 5 နှစ်အထိ official support ပေးတာ ဖြစ်ပါတယ်။ ဥပမာ
Ubuntu 20.04 LTS,Ubuntu 22.04 LTS, နဲ့ အခု နောက်ဆုံးUbuntu 24.04 LTSဆိုပြီး ဖြစ်ပါတယ်။ - Regular Release ကတော့ ( 6 ) လ တစ်ခါ release ပြုလုပ်ပါတယ်။ (9) လ အထိ official support ပေးတာ ဖြစ်ပါတယ်။
- နောက် ပြီး
Ubuntuကို အသုံးပြုမယ်ဆိုရင် သူ့မှာ- Ubuntu Desktop Version နဲ့
- Ubuntu Server Version ဆိုပြီး (2) မျိုး ရှိပါတယ်။
- ကိုယ့်ရဲ့ personal computer or laptop မှာ ဆိုရင်တော့ Ubuntu Desktop Version ကိုဘဲ အသုံးပြုကြပါတယ်။
- ကိုယ်လိုအပ်တဲ့ service တွေ install ပြုလုပ်မည့် server တွေအတွက် ဆိုရင်တော့ desktop environment မပါဝင်တဲ့ ubuntu server version ကိုဘဲ အသုံးပြုကြပါတယ်။
- နောက်ပြီး paid version အနေနဲ့ subscription အနေနဲ့ အသုံးပြုချင်တယ်ဆိုရင် Ubuntu Pro Version ဆိုပြီးလည်း ရှိပါသေးတယ်။
- Ubuntu Core ဆိုပြီးတော့ mini version လည်း ရှိပါသေးတယ်။ အဓိကတော့ IoT device နဲ့ container တွေအတွက် ဖြစ်ပါတယ်။
Download Link
SUSE
SUSELinux Distribution သည် Germany မှာ စပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။SUSEသည် လျှင်လျှင် မြန်မြန်အောင်မြင်မှုရလာတဲ့ Operating System တစ်ခုလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့SUSELinux Distro မှာဆိုရင်လည်း Built-In အစကတည်းက Software Packages တွေအများကြီးပါဝင်လာလို့ဘဲ ဖြစ်ပါတယ်။- 2004 ခုနှစ်မှာတော့ Utah-based Network Software Company ဖြစ်တဲ့ Novell သည် SUSE Company အားဝယ်ပြီး SUSE အား Enterprise-Ready Linux Distribution တစ်ခုအနေနဲ့ Develop ပြုလုပ်ခဲ့ပါတယ်။
- SUSE သည် သူရဲ့ OS ကို Distributions ပြုလုပ်တဲ့အခါမှာ
- SUSE Linux Enterprise Software (SUSE offer support)
- SUSE Enterprise Products (a tuned version)
- SUSE Linux Enterprise Server
- SUSE Linux Enterprise Desktop
- SUSE Linux Enterprise Real Time
- OpenSUSE (Not in Novell Offer)
- Novell Develop ကနေ ပြုလုပ်ထားတဲ့ SUSE Enterprise Desktop သည် Most Successful Enterprise Desktop အမျိုးအစား Linux Distribution ဖြစ်ပြီး Server Versions တွေမှာလည်း Red Hat အောင်မြင်နေသလို အောင်မြင်နေတာဖြစ်ပါတယ်။
- SUSE Enterprise Products တွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် Fully Open Source ဖြစ်တဲ့ OpenSUSE ဆိုပြီးရှိပါသေးတယ်။ OpenSUSE သည် SUSE ရဲ့ Stable Version တစ်ခုဖြစ်ပြီး Free ရတယ်။ Novell သည် OpenSUSE ကို ၎င်းရဲ့ New Products တွေစမ်းဖို့ ရှေ့ပြေး Beta အနေနဲ့ထုတ်ပေးထားတာဖြစ်ပါတယ်။
- OpenSUSE ကို https://get.opensuse.org/ ကနေ Download ပြုလုပ်နိုင်ပါတယ်။
