Post

#03 Access The Linux System via GUI & CLI

#03 Access The Linux System via GUI & CLI
  • Linux OS တစ်ခုကို Access ပြုလုပ်တဲ့အခါမှာ Graphical User Interface (GUI), Command Line Interface (CLI) , Console Environment စတာ တွေကနေ အသုံးပြုနိုင်ပါတယ်။

  • Linux Distro အမျိုးအစားတွေအပေါ် မူတည်ပြီး Access ပြုလုပ်ဖို့ရန်အတွက် Login Interface တွေသည်လည်း တစ်ခုနဲ့တစ်ခု မတူညီတဲ့အပြင် Login ဝင်ပြီးနောက် အသုံးပြုရမဲ့ Desktop Environment တွေသည်လည်း တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။

  • GUI နဲ့ CLI တစ်ပြိုင်တည်း အသုံးပြုလို့ ရနိုင်တဲ့ Environment ကို Hybraid Environment လို့လည်း ခေါ်ပါသေးတယ်။

  • Graphical Environment ပါဝင်တဲ့ Linux Distro သည် Hybraid Environment တွေဖြစ်ကြပါတယ်။ Linux OS ကို GUI ဒါမှမဟုတ် CLI ကနေ တစ်ပြိုင်းတည်း ခိုင်းစေ အသုံးပြုနိုင်ပါတယ်။
  • Command Line Inteface ကို အသုံးပြုပြီး Linux OS ကိုအသုံးပြုတဲ့အခါမှာလည်း Terminal Application ကနေ shell access ကို ရယူပြီးခိုင်းစေနိုင်သလို Console Enironment တွေကနေလည်း Login ဝင်ပြီး တိုက်ရိုက် ခိုင်းစေ အသုံးပြုနိုင်ပါတယ်။

  • Console Environment မှာဆိုရင်တော့ command line ကနေပဲ Linux OS ကို ခိုင်းစေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Graphical Environment တွေ မပါဝင်တဲ့အပြင် Cursor Movement အတွက် mouse လည်း အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

Remote Management to Linux Servers

  • နောက်ပြီးတော့ Linux Servers တွေကို Terminal Applicatons တွေ အသုံးပြုပြီး Network ကနေ တစ်ဆင့် Secure Shell (SSH) Protocol ကို အသုံးပြုကာ Remote Management ပြုလုပ်နိုင်ပါသေးတယ်။

  • SSH ကိုအသုံးပြုပြီး Linux Server ကို Remote Management ပြုလုပ်ချင်တယ်ဆိုရင် Server ဘက်မှာ SSH Service ကို installed and enabled ပြုလုပ်ထားဖို့ရန် လိုအပ်ပြီး ချိတ်ဆက်အသုံးပြုလိုတဲ့ Computer ဘက်မှာလည်း SSH Client Application တွေ Installed ပြုလုပ်ထားဖို့ရန်အတွက် လိုအပ်မှာ ဖြစ်ပါတယ်

  • Window Computer ကနေ Remote Linux Server ကိုတွေကို Network ကနေတစ်ဆင့် Access ပြုလုပ်လိုတဲ့အခါ command prompt (cmd) ကနေ ssh ကိုအသုံးပြုကာ ဝင်ရောက်အသုံးပြုနိုင်သလို GUI Remote Management Utilities တွေဖြစ်တဲ့ Putty, Mobaxterm, Termius,Tabby စတဲ့ Terminal Applicaton တွေကို အသုံးပြုကာ ချိတ်ဆက်အသုံးပြုနိုင်ပါသေးတယ်။

  • SSH Client Service သည် အရင် Window – 7 တွေမှာ Build in မပါတဲ့အတွက် Command Prompt (cmd) ကနေ ssh utility ကို အသုံးပြုလို့ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် window 7 တွေမှာဆိုရင်တော့ ssh client ကို support ပေးတဲ့ Terminal Application တွေကို အသုံးပြုပြီးမှသာ Linux Server ကို Remote Management ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

  • ခုနောက်ပိုင်း Window 10 တွေမှာတော့ command prompt ( cmd ) ကနေ SSH Utility ကို အသုံးပြုပြီး Linux Server တွေကို အလွယ်တကူ Remote Management ပြုလုပ်နိုင်ပါပြီ။

This post is licensed under CC BY 4.0 by the author.