Post

#04 What is Terminal?

#04 What is Terminal?

What is Terminal?

Image

  • Terminal ဆိုတာ Linux Distro တိုင်းရဲ့ Desktop Environment မှာ မပါမဖြစ် ပါဝင်တဲ့ Text-Based GUI Application လေး တစ်ခု ပဲ ဖြစ်ပါတယ်။
  • Linux system တစ်ခုကို command line interface (cli) ကို အသုံးပြုပြီး interact ပြုလုပ်လိုတဲ့အခါ terminal application တစ်ခုခု ကို အသုံးပြုရပါတယ်။
  • Linux မှာ နာမည်အမျိုးမျိုးနဲ့ terminal application တွေ အမျိုးမျိုး ရှိကြပါတယ်။
  • ဒါပေမဲ့ သူတို့ရဲ့ အခြေခံ လုပ် ဆောင်ချက်ကတော့ အတူတူပင်ဖြစ်ပါတယ်။
  • Terminal ရဲ့ အဓိက တာဝန်က User ဆီက input command တွေကို လက်ခံမယ်။ တစ်နည်းအား ဖြင့် standard input လို့ ခေါ်ပါတယ်။
  • နောက်ပြီး user run လိုက်တဲ့ command တွေကြောင့် ထွက်လာတဲ့ output တွေသည်လည်း terminal မှာဘဲ default အနေနဲ့ print out ပြုလုပ်ပေးမှာဖြစ်ပါတယ်။ output တွေမှာလည်း standard output နဲ့ standard error ဆိုပြီး ရှိပါသေးတယ်။

  • User က Terminal ကနေ command တစ်ခုကို ရိုက်ပြီး Enter နှိပ်လိုက်ပြီဆိုတာနဲ့ user အသုံးပြုခွင့်ရှိတဲ့ privileges level နဲ့ shell program ကနေ ပြီးတော့ environment variable ${PATH} မှာ သတ်မှတ်ထားတဲ့ directory path လမ်းကြောင်းတွေကို အသုံးပြုပြီး command ကို ရှာဖွေ execute ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

  • echo ${PATH} command ကို အသုံးပြုပြီး command အများစု ကို သိမ်းဆည်းတဲ့ binary path လမ်းကြောင်းတွေကို စစ်ကြည့်နိုင်ပါတယ်။

Image

ဒါကြောင့် Terminal သည် users တွေ linux system တစ်ခုကို command line interface ( CLI ) ကနေ interact ပြုလုပ်နိုင်ဖို့ရန်အတွက် ထောက်ပံ့ပေးထားတဲ့ နေရာလေး တစ်ခု ပဲ ဖြစ်ပါတယ်။

  • ကျွန်တော်တို့ linux server တွေကို configuration ပြုလုပ်တဲ့အခါကျရင် terminal application တစ်ခုခုကို အသုံးပြုပြီး command line interface ကနေဘဲ remote management ပြုလုပ်ကြတာ ဖြစ်ပါတယ်။

Different Type of Terminal Applications

  • Window OS မှာ ဆိုရင်
  • Linux OS မှာ ဆိုရင်
  • Mac OS မှာ ဆိုရင်
    • iTerm2
    • Tabby
    • Termius စတဲ့ Terminal Application တွေအသုံးများကြပါတယ်။

Understanding About Shell Prompt

Image

  • Terminal မှာ မြင်နေရတဲ့ syntax ကို လေ့ လာကြည့်ရအောင်။
  • Terminal ရဲ့ အစဆုံးမှာ မြင်နေရတဲ့ sysadmin ဆိုတာသည် terminal ကို အသုံးပြုနေတဲ့ current login username ဖြစ်ပါတယ်။
  • @ ရဲ့ နောက်က openshellmm သည် computer name ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် hostname လို့လည်း ခေါ်ပါတယ်။
  • Hostname ရဲ့ နောက်မှာ : colon လေးခြားပြီး ဖော်ပြထားတာသည် အခု လက်ရှိရောက်နေတဲ့ current working directory ကို ပြောတာဖြစ်ပါတယ်။။
  • Terminal မှာ ကိုယ် လက်ရှိရောက်တဲ့နေရာကို pwd command ကို အသုံးပြုပြီး စစ်ကြည့်နိုင်ပါတယ်။

Image

  • ~ sign သည် Terminal ကို အသုံးပြုနေတဲ့ current user ရဲ့ home directory ကိုရည်ညွှန်းတာ ဖြစ်ပါတယ်။
  • $ သည် လက်ရှိ Terminal ကို အသုံပြုနေတဲ့ user ရဲ့ privilege level ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
  • $ သည် normal user privilege ကို ဆိုလိုတာ ဖြစ်ပါတယ်။
  • # ဆိုရင် တော့ root privilege ရှိတာ ဖြစ်ပါတယ်။

Image

  • Linux system တစ်ခုမှာ permission အမြင့်ဆုံး၊ privilege အမြင့်ဆုံး user account သည် root user account ဖြစ်ပါတယ်။
This post is licensed under CC BY 4.0 by the author.