#07 Different Types of Commands?
#07 Different Types of Commands?
Command Types
-
ကျွန်တော်တို့
shellက execute ပြုလုပ်ပေးနိုင်တဲ့commandအမျိုးအစားတွေကို လေ့လာကြည့်ရအောင်။ - Shell ကနေ execute ပြုလုပ် ပေးနိုင်တဲ့ command အမျိုးအစား (3) မျိုးရှိပါတယ်။
alias commandinternal commandexternal commandဆိုပြီး ဖြစ်ပါတယ်။
shellသည် terminal ကနေ user ရိုက် သမျှ command တွေကို ရှိမရှိ၊ မှန်/မမှန်၊alia commandအမျိုးအစား ဟုတ်မဟုတ် ကို အရင်စစ်ဆေး ပါတယ်။ ပြီးမှinternal commandလား၊external commandအမျိုးအစားလား ဆိုပြီး အဆင့်ဆင့် စစ်ဆေးပြီး execute ပြုလုပ်ပေးတာ ဖြစ်ပါတယ်။
Internal Command
internal commandတွေသည်shellprogram မှာ တစ်ခါတည်း compiled ပြုလုပ်ထားပြီးသား command အမျိုးအစားတွေ ဖြစ်ပါတယ်။- User သည် terminal ကို စဖွင့် ပြီဆို ကတည်းက user ရဲ့ default
shellသည်internal commandတွေကို ram ပေါ်မှာ တစ်ခါတည်း load လုပ် တာ ဖြစ်ပါတယ်။ -
ဒါကြောင့်
shellသည်internal commandတွေကို ရှာပြီး execute ပြုလုပ်တာ သည် တစ်ခြား command အမျိုးအစားတွေ execute ပြုလုပ်တာ ထက် ပိုမို မြန်ဆန်ပါတယ်။ typecommand ကို အသုံးပြုပြီး command အမျိုးအစားတွေကို စစ်ကြည့်နိုင်ပါတယ်။
cd,pwd,echo,exitစတဲ့ commands တွေသည်internal command( shell built-in ) အမျိုးအစား ဖြစ်ပါတယ်။
External Command
external commandတွေကတော့ compiled ပြုလုပ်ထားပြီးသား executable binary file တွေအနေနဲ့ linux os ကို installed ပြုလုပ်ကတည်းက တစ်ခါတည်း ပါဝင်လာတာ ဖြစ်ပါတယ်။external commandတွေကို များသောအားဖြင့်/usr/sbin/,/usr/bin/စတဲ့ file system path လမ်းကြောင်းတွေ မှာ တွေ့နိုင်ပါတယ်။external commandတွေကို execute ပြုလုပ်တဲ့အခါမှာshellသည် file system paths တွေ မှာ ရှာဖွေ ပြီး new process တစ်ခုအနေနဲ့ execute ပြုလုပ်ပေးရတာ ဖြစ်တဲ့အတွက်ကြောင့် shell buit-in command တွေထက် execute ပြုလုပ်ရမှာ အနည်းငယ် နှေးပါတယ်။- အလုပ် လုပ်ပုံ theory သဘောတရားကိုသာ ပြောပြရခြင်း ဖြစ်ပါတယ်။ တစ်ကယ်အသုံးပြုတဲ့အခါမှာတော့ အရမ်းကြီး သိသာနေတာ မျိုးတော့ မဟုတ်ပါဘူး။
echo ${PATH}command ကိုအသုံးပြုပြီးshellကနေexternal commandတွေကို ရှာဖွေ execute ပြုလုပ်ပေးတဲ့ directory path တွေကို တွေ့နိုင်ပါတယ်။
- Directory path တစ်ခုနဲ့ တစ်ခု ကြား မှာ colon (:) လေး ခြား ပြီး ပြ ထား တာ ကို တွေ့ရမှာပါ။ ထို သတ်မှတ်ထားတဲ့ directory တွေထဲက executable command တွေကို terminal က external command အနေနဲ့ run ပေးမှာ ဖြစ်ပါတယ်။
commandတစ်ခုကိုexternal commandလားinternal commandလား၊alias commandအမျိုးအစားလား ဆိုတာ သိ ချင်တဲ့အခါtypecommand ,whichcommand တို့ကို အသုံးပြုပြီး စစ်ကြည့်နိုင်ပါတယ်။typecommand က တော့ command type အကုန် စစ် ပေး နိုင်တယ်။whichcommand ကတော့ file system ပေါ်မှာ ရှိတဲ့commandတွေရဲ့ binary file location ဘဲ ရှာပေးတာ ဖြစ်တဲ့အတွက်ကြောင့်alias commandအမျိုးစားတွေကို စစ်ကြည့်လို့ရမှာ မဟုတ်ပါဘူး။
- ကျွန်တော် တို့ daily အသုံးပြုနေတဲ့
mkdircpdatermစတဲ့commandတွေသည်/usr/bin/directory location မှာ ထား တာ ဖြစ်တဲ့ အတွက် ကြောင့်external commandအမျိုးအစားထဲမှာ ပါဝင်တယ်။
Alias Command
alias command ဆိုတာ command တစ်ခုကို အသုံးပြုရ လွယ်ကူစေ အောင် shortcut command တစ်ခု အနေနဲ့ သတ်မှတ် တာ ဖြစ်တယ်။ ကိုယ့် linux os မှာ သတ်မှတ်ထားတဲ့alias command တွေကို သိလိုတဲ့ အခါ alias command ကို အသုံးပြုပြီး ကြည့် နိုင်ပါတယ်။
- ကျွန်တော်တို့ ကိုယ်တိုင်
aliascommand ကို အသုံးပြုပြီး command shortcut တစ်ခုကို temporarily သတ်မှတ်ကြည့်ရအောင်။ - ကျွန်တော်တို့ terminal ကို clear ပြုလုပ်လိုတဲ့အခါ linux မှာ
clearcommand ကို အသုံးပြုပါတယ်။ Window OS မှာ ဆိုရင်တော့clsကို အသုံးပြုပါတယ်။ alias cls='clear'command ကို အသုံးပြုပြီး သတ်မှတ်ကြည့်ပါမယ်။
- သတ်မှတ်ပြီးသွားရင်
typecommand ကိုအသုံးပြုပြီး ကျွန်တော်တို့ create ပြုလုပ်လိုက်တဲ့clscommand ကို စစ်ကြည့်တဲ့အခါaliascommand အနေနဲ့ ရှိနေတာကိုတွေ့ရပါလိမ့်မယ်။
Comparison of Internal, Built-in, and External Commands
This post is licensed under
CC BY 4.0
by the author.







